TSK

TSK · ထွက်မြောက်ရာကျမ်း။ 14:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင် မူကား ၊ လှံတံ ကို ချီ ပြီးလျှင် ၊ ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ပင်လယ် ရေကို ခွဲ လော့။ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ်၌ မြေ ပေါ် မှာ ရှောက်သွား ရကြမည်။

သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။

ထာဝရဘုရား သည် တန်ခိုးကြီး တော်မူသည်ကို မြေကြီးသား အပေါင်း တို့သည်သိ ကြမည်အကြောင်း နှင့် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို သင်တို့သည်အစဉ်အမြဲ ကြောက်ရွံ့ ရမည်အကြောင်း ၊

တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။

ပင်လယ် ကို ကုန်း ဖြစ် စေတော်မူ၏။ သူတို့သည် ရေစီး ရာအရပ်ကို ခြေ ဖြင့် ရှောက် သွားကြသည်ဖြစ်၍ ၊ ငါတို့သည် ဘုရား သခင်၌ ဝမ်းမြောက် ကြ၏။

ပင်လယ် ကိုခွဲ ၍ သူ တို့ကိုရှောက်သွား စေတော်မူ ၏။ ရေ များကို စုပုံ ၍ ထား တော်မူ၏။

ပင်လယ် သည် မြင် ၍ ပြေး လေ၏။ ယော်ဒန် မြစ် လည်း နောက် သို့ လှည့် လေ၏။

မီး နှင့် မိုဃ်းသီး ၊ မိုဃ်းပွင့် နှင့် အခိုး အငွေ့၊ အမိန့် တော်ကို နားထောင် သော လေပြင်း မုန်တိုင်း၊

ပင်လယ် ရေ၊ နက်နဲ ရာရေ တို့ကို ခန်းခြောက် စေ ၍၊ ပင်လယ် နက်နဲ ရာ အရပ်တို့ကို ရွေးနှုတ် သော သူများ သွား စရာ လမ်း ဖြစ်စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ်လော။

မောရှေ ၏လက်ျာ နား မှာ ဘုန်း ကြီးသော လက်ရုံး တော်ကို သွင်း ၍၊ အသရေ တော်ကို အစဉ် ထင်ရှား စေခြင်းငှါ ၊ သူ တို့ရှေ့ မှာ ရေ ကို ခွဲ သဖြင့်၊