TSK

TSK · ထွက်မြောက်ရာကျမ်း။ 21:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လူ သည် အိမ်နီးချင်း ကို နာ အောင်ပြု လျှင် ၊ သူ့ ကို ပြု သည်အတိုင်း ကိုယ်ခံရ မည်။

အဒေါနိဗေဇက် သည် ပြေး လေ၏။ ယုဒလူတို့သည် လိုက် ၍ ဘမ်း မိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ် ကြ၏။

သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကို ခံစေ ဟူသော ပညတ် စကားကို သင်တို့ကြား ရပြီ။

သူတစ်ပါးအားပေး ကြလော့။ ပေးလျှင် သူတစ်ပါးသည် သင် တို့အားပေး ကြလိမ့်မည်။ အမှန် ခြင် ရုံမျှမက၊ သိပ်နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက်ရှိခြင်းနှင့် သင် တို့ရင်ခွင် ၌ ပေး ကြလိမ့်မည်။ အကြောင်းမူကား ၊ အကြင် ချိန်၊ တင်းပမာဏ နှင့် သင် တို့သည် သူတစ်ပါးအားပေး ၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။