TSK

TSK · ကမ္ဘာဦးကျမ်း 21:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုကြောင့် စာရာ က၊ ငါ လည်းအို ပြီ၊ ငါ့ သခင် လည်း အို ပြီ၊ သို့ဖြစ်၍ငါ သည် ပျော်မွေ့ ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ် လေ၏။

မြုံ သောမိန်းမသည် အိမ် ၌နေ ၍၊ ဝမ်းမြောက် သောစိတ်နှင့် သားဘွား ရသောအခွင့်ကိုပေး တော်မူ၏။ ဟာလေလုယ။” ဟာလေလုယ=ဘုရားသခင် ဘုန်းကြီး ပါပေ ၏

မိန်းမ သည် မိမိဘွား သော သား ကို မသနား သည်တိုင်အောင်၊ မိမိ နို့စို့ သူငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍မေ့လျော့ သော်လည်း ၊ သင့် ကို ငါ မ မေ့လျော့။

¶ သားမ ဘွား သော အမြုံ မ၊ ဝမ်းမြောက်လော့။ သားဘွား ခြင်းဝေဒနာကို မ ခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်း မူကား၊ စွန့် ထားသော မိန်းမသည် လင် ရှိသောမိန်းမထက်သာ၍ များသော သား တို့ကို ဘွားမြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။

မိန်းမ သည်သားကို ဘွား စဉ်အခါ ဘွားရသောအချိန် စေ့ သောကြောင့် ဝမ်းနည်း ခြင်းရှိ ၏။ ဘွားမြင် ပြီးမှဤလောက ၌ လူ တစ်ယောက်ကိုဘွားမြင် သောကြောင့် ဝမ်းမြောက် ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာ ကို မေ့လျော့ တတ်၏။

ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။