TSK

TSK · ကမ္ဘာဦးကျမ်း 28:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။

ထိုအခါ ယာကုပ် က၊ အနန္တ တန်ခိုးရှင်ဘုရား သခင် သည်၊ ခါနာန် ပြည် လုဇ မြို့၌ ငါ့ အား ထင်ရှား ၍ ကောင်းကြီး ပေးတော်မူလျက်၊

တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်၊

ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။

အဘိယ သည် ယေရောဗောင် ကို လိုက် ၍ ၊ ဗေသလ မြို့ နှင့် ရွာ များ၊ ယေရှန မြို့နှင့် ရွာ များ၊ ဧဖရိမ် မြို့ နှင့် ရွာ များတို့ကို သူ့ လက်မှ နှုတ်ယူ လေ၏။

ကောင်းကင် တမန်နှင့် ပြိုင် ၍ နိုင် လေ၏။ ငို ၍ တောင်းပန် နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ကို ဗေသလ မြို့မှာ ဖူးတွေ့ ၍ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကိုခံ လေ၏။