TSK

TSK · ကမ္ဘာဦးကျမ်း 9:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လာကြ။ ငါ တို့အဘ ကိုစပျစ်ရည် တိုက် ကြစို့။ ငါ တို့အဘ ၏ အမျိုးအနွယ် ကို စောင့် မ၍ သူ နှင့် အိပ် ကြ စို့ဟု ညီမ ကို ပြောဆို ၏။

ဖလား ၌ နီ လျက် ၊ အရောင် တောက်လျက် ၊ အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။

မိမိ အိမ်နီးချင်း ၌ အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။

ပွဲ လုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရား သော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍၊ နေ့ အချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။

သူ့ အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုး ကို သောက်ကြူးခြင်း၊ ပွဲ လုပ်ခြင်းမှစ၍ထိုသို့သောအကျင့် ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့် သောသူ တို့သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံကြရဟု အထက်ကငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြော နှင့်၏။

သင်သည်ဥစ္စာ ရတတ်ခြင်းငှာ ၊ မီး နှင့် ချွတ် ပြီးသောရွှေ ကို၎င်း၊ အဝတ် အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မ ရှက် စေခြင်းငှာ ခြုံ စရာဘို့၊ ဖြူ သောအဝတ် ကို၎င်း ငါ့ ထံမှာ ဝယ် လော့။ သင် ၏မျက်စိ မြင် စေခြင်းငှာ ၊ မျက်စိ ၌မျက်စဉ်း ခတ်လော့ဟု သင့် အားငါ သည် အကြံပေး၏။