TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 21:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လေဘွေ သည် တောင် မျက်နှာမှ ၎င်း ၊ အချမ်း သည် မြောက် မျက်နှာမှ ၎င်း ထွက် လာတတ်၏။

ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။

ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။

¶ အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။

တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

¶ အိုဗာဗုလုန် သတို့သမီး ကညာ ၊ ဆင်း ၍ မြေမှုန့် ၌ထိုင် လော့။ အိုခါလဒဲ သတို့သမီး ၊ ရာဇ ပလ္လင်မ ရှိဘဲ မြေ ပေါ် မှာ ထိုင် လော့။ သင့် ကို နူးညံ့ သိမ်မွေ့ သောသူ ဟူ၍နောက် တဖန်မ ခေါ် ရ။

ပင်လယ် သည် ဗာဗုလုန် ပြည်အပေါ် သို့တက် ၍၊ များစွာသော လှိုင်း တံပိုးတို့သည် လွှမ်းမိုး ကြပြီ။

ထိုရှင်ဘုရင် နှင့်တကွ သူ ၏လူ များ၊ ကြောက်မက် ဘွယ်သော လူမျိုး များတို့သည် အဲဂုတ္တုပြည် ကို ဖျက်ဆီး ခြင်းငှါ လာ ၍ ၊ ထား ကိုင် လျက် တပြည်လုံး ကို သူရဲ တို့နှင့် ပြည့် စေကြလိမ့်မည်။

အမှုကုန် ရသည်ကာလ ၌ တောင် ရှင် ဘုရင်သည် ထိုမင်းကို တိုက် လိမ့်မည်။ မြောက် ရှင်ဘုရင် သည်လည်း ရထား များ၊ မြင်းစီး သူရဲများ၊ သင်္ဘော များတို့နှင့်တကွ လေဘွေ ကဲ့သို့တိုက်လာလျက်၊ ထိုပြည် တို့ကို ဝင် ၍ ချင်းနင်း လွှမ်းမိုးလိမ့်မည်။