TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 39:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယောရှု ရှိရာ ဂိလဂါလ တပ် သို့ ရောက် လာလျှင် ၊ အကျွန်ုပ် တို့သည် မိဿဟာယ ဖွဲ့ ခြင်းငှါ၊ ဝေး သောပြည် က လာ ကြပါသည်ဟု ယောရှု နှင့် ဣသရေလ လူ တို့အား ပြော ဆို ကြ၏။

¶ နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။

ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။

ထာဝရဘုရား သည် အာမဇိ ကို အမျက် ထွက် ၍ ၊ ပရောဖက် ကို စေလွှတ် တော်မူသည်ကား ၊ မိမိ လူ တို့ကို ရန်သူ လက် မှ မ ကယ်နိုင် သော တပါး အမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ် သနည်းဟုပြောဆို လျှင်၊

သင်သည် ဟေဇကိမင်း ထံသို့ သွား ပြီးလျှင်၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြား ပြီ။ သင် ၏ မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင် ၏ အသက် ၌ တဆယ် ငါး နှစ် ကို ငါ ဆက် ၍ ပေးမည်။

ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ဣသရေလ အမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေး သော အရပ်က ငါ ဆောင် ခဲ့မည်။ အားကြီး သောအမျိုး ၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး ၊ သူ တို့စကား ကို သင်မ သိ နား မ လည်သော အမျိုး ဖြစ်လိမ့်မည်။