TSK

TSK · ရှင်ယာကုပ်ဩဝါဒစာ။ 2:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။

သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ၊ ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် ၍ သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ၊ ဣဇာက် ကို ပေး ၏။

သင် တို့၏အဘ အာဗြဟံ နှင့် ၊ သင် တို့ကို ဘွား သော သူစာရာ တို့ကို ကြည့် ရှုကြလော့။ ငါသည် တ ယောက်တည်းသောသူ အာဗြဟံ ကို ခေါ် ၍ ၊ ကောင်းကြီး ပေးသဖြင့် များ ပြားစေ၏။

သို့မဟုတ် သင့် စကား များအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည် ဟု မိန့်တော်မူ၏။

မိမိ လူမျိုး ကို အကြည့်အရှု ကြွလာလျက် ရွေးနှုတ် ခြင်းကျေးဇူးကိုပြု တော်မူ၍ ၊

သူဌေးကလည်း၊ မ ဟုတ်ပါ အဘ အာဗြဟံ ။ သေ သောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူ တို့ရှိရာသို့ သွား လျှင် ၊ သူတို့သည် နောင်တရ ကြပါလိမ့်မည်ဟုဆို သော်၊

ငါ တို့အဘ အာဗြဟံ ထက် သင် သည် သာ၍ကြီးမြတ် သလော။ သူ သည်သေ ပြီ။ ပရောဖက် တို့လည်း သေ ကြပြီ။ သင် သည်အဘယ်သို့ သောသူ၏ အရောင်ကိုဆောင် သနည်းဟုဆို ကြ၏။

ထိုသို့ပညတ် တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှား စေသည်ဖြစ်သောကြောင့် ၊ ပညတ် တရား၏ အကျင့် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မ ရောက်ရာ။

ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။

တနည်းကား၊ သင် သည်ယုံကြည် ခြင်းရှိ ၏။ ငါ သည်အကျင့် ရှိ ၏။ သို့ဖြစ်၍သင် သည်အကျင့် မ ရှိဘဲ သင် ၏ယုံကြည် ခြင်းကို ပြ လော့။ ငါ မူကား၊ အကျင့် အားဖြင့် ငါ ၏ယုံကြည် ခြင်းကို ပြ မည်ဟုပြော စရာရှိ၏။