ထာဝရဘုရား ၏ကောင်းကင် တမန်ကလည်း ၊ သင် ၏မြည်း ကို သုံး ကြိမ် တိုင်အောင်အဘယ်ကြောင့် ရိုက် သနည်း။ သင်သွားသောလမ်း သည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတား ခြင်းငှါ ငါထွက်လာ ပြီ။
TSK
TSK · ယေရမိအနာဂတ္တိကျမ်း။ 3:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောသူသည် အနင်း မှန် လိမ့်မည်။ ကောက် သောလမ်း သို့လိုက်သော သူမူကား ၊ သဘော ထင်ရှားလိမ့်မည်။
ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။
အပျို မသည် မိမိ ၌ဆင်သောတန်ဆာ ကို၎င်း ၊ မင်္ဂလာဆောင် သတို့သမီး သည် မိမိ ခါးပန်း ကို၎င်းမေ့လျော့ နိုင်သလော။ သို့ သော်လည်း၊ ငါ ၏လူ တို့သည် မ ရေတွက် နိုင်အောင် များစွာသောကာလ ပတ်လုံးငါ့ ကို မေ့လျော့ ကြပြီ။
သင် သည် အနာ ကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ သင် ၏အပြစ် ကြီး သောကြောင့် ၊ သင် ခံရသောဝေဒနာ သည် ပျောက် ခဲ၏။ သင် ပြုသောဒုစရိုက် များပြား သောကြောင့်၊ ဤ သို့ငါဆုံးမ ရ၏။
ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။
သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။
ဣသရေလ သည် သူ့ ကို ဖန်ဆင်း တော်မူသောသခင်ကိုမေ့လျော့ ၍ ဘုံ ဗိမာန်များကို တည်ဆောက် တတ် ၏။ ယုဒ သည်လည်း ခိုင်ခံ့ သော မြို့ တို့ကို များပြား စေ တတ်၏။ သို့ရာတွင် ၊ ငါသည် ထို မြို့ များတို့ကို မီး ရှို့၍ ဘုံ ဗိမာန်များတို့ကို မီးလောင် ရလိမ့်မည်။
ဖြောင့်မတ်စွာ စီရင် ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရား ကို ဖျက် လျက်၊
အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။