TSK

TSK · ယောဘဝတ္ထု။ 21:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို သော်လည်း ၊ သူတို့သည် အလွန်စိတ် ပင်ပန်း ၍ ကြမ်းတမ်း စွာ ညှဉ်းဆဲခြင်း ကို ခံရသောကြောင့် ၊ မောရှေ စကားကို နား မ ထောင်ဘဲနေကြ၏။

ဣသရေလ ရှင် ဘုရင်သည် မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ်၊ မိန်းမ တယောက်ကအရှင် မင်းကြီး ၊ ကယ်မ တော်မူပါဟု အော်ဟစ် ၏

ထို့ကြောင့် ငါ သည်ကိုယ် နှုတ် ကို မ ချုပ်တည်း။ စိတ် ပင်ပန်း လျက်နှင့်စကားပြော ရ၏။ အလွန်ညှိုးငယ် သောစိတ် နှင့် မြည်တမ်း ရ၏။

ဘုရား သခင်ကို လျှောက် ရသောစကားဟူမူကား၊ အကျွန်ုပ် ကို အပြစ် စီရင်တော် မ မူပါနှင့်။ အကျွန်ုပ် နှင့် ဆန့်ကျင် ဘက်ပြုတော်မူမည်အကြောင်း ကို ပြ တော်မူပါ။

¶ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း။ အကျွန်ုပ် ကို မကယ်တင် ဘဲ အကျွန်ုပ် အော်ဟစ် သော စကား ကို နား မထောင်ဘဲ အဘယ်ကြောင့်အဝေး မှာနေတော်မူသနည်း။

ဘုရား သခင်ကို အောက်မေ့ ၍ စိတ်ပူပန် ခြင်းရှိ၏။ ဆင်ခြင် ၍ စိတ် ပျက် ခြင်းသို့ ရောက်တတ်၏။

ရှေ့ တော်၌ မြည်တမ်း သော စကားကို မြွက် ၍၊ ခံရသောဆင်းရဲ ဒုက္ခကို ကြား လျှောက်ရ၏။