TSK

TSK · ယောဘဝတ္ထု။ 30:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လူ ကိုစောင့် တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော် ရှေ့ မှာ အဘယ် သို့ပြု ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင်အကျွန်ုပ် ကို အဘယ်ကြောင့် ပစ် စရာ စက်သွင်းတော်မူသနည်း။

အကျွန်ုပ် သည် ပြစ်မှား လျှင် ၊ ကိုယ်တော်မှတ် တော်မူ၏။ အကျွန်ုပ် အပြစ် ကို လွှတ် တော်မူမည် မ ဟုတ်။

လေ တိုက်သော သစ်ရွက် ကို ချောက် လှန့်တော်မူမည် လော။ မြက် ခြောက် ကို မှီအောင်လိုက် တော်မူမည် လော။

ဘုရား သခင်သည်ငါ့ ကိုလှဲ ၍ မိမိ ကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ် ကြလော့။

မဟာ တန်ခိုး တော်အားဖြင့် ငါ နှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မ မူ။ ငါ့စကားကို နားထောင်တော်မူမည်။

တန်ခိုး ရှိသောလက်ရုံး နှင့် ပြည့်စုံတော်မူ၏။ လက် တော်သည် အားကြီး ၍၊ လက်ျာ လက်တော်သည် မြင့် ပါ၏။

ထိုကြောင့် ကာလ အချိန်တန်လျှင် ၊ ဘုရားသခင် သည် သင် တို့ကိုချီးမြှောက် တော်မူမည်အကြောင်း ၊ တန်ခိုး ကြီးသော လက် တော်အောက် ၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။