¶ ထိုအခါ ယေရှု သည် ဗတ္တိဇံ ကိုခံအံ့သောငှာ ဂါလိလဲ ပြည်မှ ယော်ဒန် မြစ်နား ယောဟန် ထံသို့ ကြွ တော်မူ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 1:33
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
¶ ယေရှု ကလည်း၊ ရေ နှင့် ဝိညာဉ် တော် မ မွေး သောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့ မ ဝင် ရဟု ငါ အမှန်အကန် ဆို၏။
ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။
သင်တို့သည် ယုံကြည် သည်နောက်၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံ ကြပြီလောဟု မေး သည်ရှိသော်၊ သန့်ရှင်း သော ဝိညာဉ် တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြောဆိုကြ၏။
ငါ တို့ကျင့် သော ဖြောင့်မတ် ခြင်းအကျင့် အားဖြင့် မ ဟုတ်ဘဲ၊ မိမိ သနား ခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြော ခြင်းအားဖြင့်၎င်း၊သန့်ရှင်း သောဝိညာဉ် တော်၏အသစ် ပြုပြင် ခြင်းအားဖြင့် ၎င်း၊ ငါ တို့ကို ကယ်တင် တော်မူ၏။