လောကီ ရှင် ဘုရင်တို့သည် ထ ကြ၍ ၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရား နှင့် ခရစ်တော် ကို ရန် ဘက်ပြုလျက်၊
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 1:41
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ ၏ ကျွန် ဒါဝိဒ် ကို ငါတွေ့ ၍၊ သန့်ရှင်း သော ဆီ နှင့် ဘိသိက် ပေးပြီ။
ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။
ထိုကြောင့် ၊ ယေရုရှလင် မြို့ကိုတဖန် တည်ထောင် ပြုစုစေခြင်းငှါ ၊ အမိန့် တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၊ ခုနစ် သိတင်း နှင့် ခြောက် ဆယ်နှစ် သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည် လော့။ အနှောင့် အရှက် ခံရသောကာလ ၌ မြို့လမ်း ကို တဖန် တည်ထောင် ပြုစုရမည်ဟု စီရင် ဆုံးဖြတ်ခြင်းရှိ၏။
သူ သည်လည်း ထို ခဏခြင်း တွင်ဝင် ၍ ထာဝရ ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း လေ၏။ ယေရုရှလင် မြို့ ၌ ရွေးနှုတ် ခြင်းအရာကို မြော်လင့် သောသူ အပေါင်း တို့အား ထိုသူငယ် ၏ အကြောင်း ကို ပြော လေ၏။
ယေရှု ကြွ တော်မူသည်ကိုမြင် လျှင် ၊ ဘုရားသခင် ၏ သိုးသငယ် ကို ကြည့် လော့ဟုဆို ၏။
¶ မိန်းမ ကလည်း၊ မေရှိ ကြွလာ တော်မူသည်ဟု အကျွန်ုပ်သိ ပါ၏။ ရောက် တော်မူသောအခါ အကျွန်ုပ် တို့ အား အလုံးစုံ တို့ကိုဖော်ပြ တော်မူမည်ဟု လျှောက် ပြန်၏။ မေရှိအနက် ကား၊ ခရစ်တော် ဟု ဆိုလိုသတည်း။
ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊
ထိုသူ တို့သည် လူ များတို့အား သက်သေခံ ဖြစ် ကြ၏။
ငါ တို့သည် ခမည်းတော် နှင့် ၎င်း ၊ သား တော်ယေရှု ခရစ် နှင့် ၎င်း၊ မိဿဟာယဖွဲ့ ရသည်ဖြစ်၍ ၊ သင် တို့သည် ငါ တို့နှင့် မိဿဟာယဖွဲ့ စေခြင်းငှာ ၊ ငါတို့ကြား မြင် ရသောအရာကို သင် တို့အား ပြသ ကြ၏။