¶ ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗိမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 1:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ထို ကာလ အခါ ဗတ္တိဇံ ဆရာယောဟန် သည် ပေါ်ထွန်း လျှင် ၊ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီ။
ယောဟန် ၏ ဗတ္တိဇံ တရားသည် အဘယ် ကဖြစ် သနည်း။ ဘုရား က ဖြစ်သလော ။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ ထိုသူ တို့သည် အချင်းချင်း ဆင်ခြင် ၍ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင် တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံသနည်းဟု သူမေး လေဦးမည်။
ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။
ယောဟန် အမည် ဖြင့် သင် ၏အဆွေအမျိုး တွင် တစ်ယောက် ကိုမျှမမှည့် ဟုဆို ၍ ၊
အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။
ခရစ်တော် ရှေ့ ၌စေလွှတ် သောသူဖြစ် သည်ဟု ငါ ဆိုသည်ကို သင် တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။