TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 10:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား သည် မိမိ ဖြောင့်မတ် ခြင်းကြောင့် အားရ နှစ်သက်သဖြင့်၊ တရား တော်ကို ချီးမြှောက် ၍ ဂုဏ် အသရေနှင့် ပြည့်စုံစေတော်မူမည်။

ထိုအခါယောဟန် ၏တပည့် တို့သည် စင်ကြယ် ခြင်းကို အကြောင်း ပြု၍ ယုဒ လူနှင့် ဆွေးနွေး ငြင်းခုံခြင်း ရှိ ကြသဖြင့်၊

ခမည်းတော် သည် ငါ့ ကိုချစ် တော်မူသကဲ့သို့ ငါ သည်သင် တို့ကိုချစ် ၏။ ငါ ၏ချစ် ခြင်းမေတ္တာ၌ တည်နေ ကြလော့။

အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာ မ တည် မရှိမှီအကျွန်ုပ် ကိုချစ် ၍ အကျွန်ုပ် အား ပေး တော်မူသော ဘုန်း တော်ကို အကျွန်ုပ် အား ပေး တော်မူသောသူ တို့သည် ရှုမြင် ရမည်အကြောင်း ၊ အကျွန်ုပ် ရှိ ရာ အရပ် ၌ အကျွန်ုပ် နှင့်အတူ ရှိ နေစေခြင်းငှာ အကျွန်ုပ်အလိုရှိ ပါ၏။