ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 10:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဆာလံကျမ်း 146:8
TSK
ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။
ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။