ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 13:3
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။
ငါ မူကားသိ ၏။ အကြောင်းမူကား ၊ ထိုသူ ၏ အထံ တော်မှ ငါ လာ၏။ သူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူ၏ ဟု ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့် တော်မူလျှင် ၊
¶ ယေရှု ကလည်း၊ ဘုရားသခင် သည် သင် တို့အဘ မှန် လျှင် ။ သင်တို့သည် ငါ့ ကိုချစ် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ဘုရားသခင့် အထံ တော်မှ ထွက်ကြွ ရောက်လာ ၏။ ကိုယ် အလိုအလျောက်လာ သည် မ ဟုတ်။ ဘုရားသခင် သည်ငါ့ ကိုစေလွှတ် တော်မူ၏။
အကြောင်းမူကား ၊ သင် တို့သည်ငါ့ ကိုချစ် ကြ၍ ၊ ငါ သည်ဘုရားသခင် အထံ တော်မှ ကြွလာ သည်ကို ယုံကြည် သောကြောင့် ခမည်းတော် သည် ကိုယ်တော် တိုင် သင် တို့ကိုချစ် တော်မူ၏။
အိုအဘ ၊ ဤကမ္ဘာ မတည် မရှိမှီ အထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်း အသရေနှင့် ယခု တွင်လည်း အကျွန်ုပ် ကိုအထံ တော်၌ ချီးမြောက် တော်မူပါ၏။
ထို့ကြောင့် သင် တို့သည်လက်ဝါးကပ်တိုင် မှာ ကွပ်မျက်သောယေရှု ကိုဘုရားသခင် သည် ခရစ်တော် ၌ ၎င်း ၊ အစိုးရသောအရှင် အရာ၌၎င်း ခန့်ထား တော်မူသည်အကြောင်း ကို ဣသရေလ အမျိုးသား အပေါင်း တို့ အတပ် အမှန် သိမှတ် ကြလော့ဟု ပေတရုဟောလေ၏။
ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊
ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏