ထာဝရ ဘုရားသည် ငါ တို့၏ ဘုရား ဖြစ်တော်မူ ၏။ ငါ တို့သည်လည်း ၊ အထံ တော်၌ ကျက်စား သောသူ ၊ လက် တော်အောက်၌ နေသောသိုးစု ဖြစ်ကြ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 21:16
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။
ရှေ့ တော်၌ လူမျိုး အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ သိုးထိန်း သည် သိုး နှင့်ဆိတ် တို့ကို အသီးအခြား ခွဲ ၍ ၊
ထိုအခါ ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုး တစ်ရာ ရှိ ၍၊
ငါ သည် ကောင်း သောသိုးထိန်း လည်းဖြစ် ၏။ ကောင်း သောသိုးထိန်း သည် သိုး တို့အဘို့ အလိုငှာ မိမိ အသက် ကို စွန့် တတ်၏။
တံခါးစောင့် မိန်းမ ကပေတရု အား၊ သင် သည် ထို သူ ၏တပည့် တို့အဝင် ဖြစ် သည် မ ဟုတ်လောဟုဆို လျှင် ၊ မ ဟုတ် ဘူးဟု ပေတရု ငြင်း လေ၏။
ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
သင်တို့သည် အထက်ကလမ်းလွဲ ၍ ပျောက်သောသိုး ကဲ့သို့ ဖြစ်ကြ ၏။ ယခု မူကား ၊ သိုးထိန်း တည်းဟူသောသင် တို့၏ဝိညာဉ် တို့ကို အုပ်စိုး ကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက် ကြပြီ။
အကြောင်းမူကား ၊ ပလ္လင် တော်အတွင်း ၌ ရှိသောသိုးသူငယ် သည် သူ တို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်း ရေ တွင်း သို့ လမ်းပြ လိမ့်မည်။ ဘုရားသခင် သည်လည်း သူ တို့မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်ဟုဆို လေ၏။