TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 21:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊

အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကိုယ်တော် သည် စိတ် နှလုံးကို စစ် ၍ ဖြောင့်မတ် ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိ ပါ၏။ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်းသဘော၊ ကြည်ညို သောစိတ်ရှိသည်နှင့် ဤ ဘဏ္ဍာရှိသမျှ ကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသောကိုယ်တော် ၏ လူ တို့သည် ကြည်ညို သောစိတ် နှင့် ပူဇော်ကြသည်ကို မြင် ၍ဝမ်းမြောက် ပါ၏။

ထာဝရဘုရား သည် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဖြောင့်မတ် ခြင်း ကို၎င်း၊ စုံလင် ခြင်းကို၎င်း ထောက်၍ အကျွန်ုပ် အမှုကို စီရင် ဆုံးဖြတ်တော်မူပါ။

ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။

မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။

တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။

သို့သော်လည်း ယေရှု သည် ထိုသူ တို့၌ ကိုယ် ကိုအပ် တော်မ မူ။ အကြောင်းမူကား ၊ ခပ်သိမ်း သောသူတို့ကို သိ တော်မူ၏။

ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။

အလုံးစုံ တို့ကို သိ တော်မူသည်ကို၎င်း ၊ အဘယ်သူ မျှကိုယ်တော် ကို မေးမြန်း စေခြင်းငှာ အလို တော်မ ရှိ သည်ကို၎င်း၊ ယခု တွင် အကျွန်ုပ်တို့သိ ကြပါ၏။ အကျွန်ုပ်တို့သည် ဤ အကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွ တော်မူသည်ကို ယုံ ပါသည်ဟု လျှောက် ကြ၏။

စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။

အလွန် ညှိုးငယ် ပူပန် သောစိတ် နှင့် မျက်ရည် အများ ကျလျက်၊ သင် တို့အား ငါရေး ၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာ စေခြင်းငှာ ငါရေးသည်မ ဟုတ်။ ငါ သည် သင် တို့အား အလွန် ချစ် သောမေတ္တာစိတ်ကို သင်တို့ သိ စေခြင်းငှာ ငါရေး၏။

ထိုသို့ဆိုသော်၊ ပညတ် အားဖြင့် ငါ ဆိုသည်မ ဟုတ်။ အခြား သောသူ တို့၏ ကြိုးစားအားထုတ်ခြင်း ကို အစွဲပြု ၍ ၊ သင် တို့၏မေတ္တာ သည် မှန် သည်မမှန်သည်ကို စုံစမ်း သောအားဖြင့်ဆိုသတည်း။

အရည် ကျို၍ စုံစမ်း ခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီး တတ်သော ရွှေ ကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင် တို့ယုံကြည် ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍မြတ် သည်နှင့်၊ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါအချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်း အာနုဘော် အလိုငှာ ဖြစ် မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊

ငါ ချစ် သမျှ သော သူတို့၏အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံးမ တတ်၏။ ထိုကြောင့် ကိုယ် စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရ လော့။