သို့ဖြစ်၍ သင် ၏နှလုံး အရေဖျား ကို လှီး ဖြတ် လော့။ နောက် တဖန် ခိုင်မာ သောလည်ပင်း မ ရှိစေနှင့်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:10
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကျွန်ုပ် ၏သား ရှောလမုန် သည်လည်း ကိုယ်တော် ၏သက်သေခံ ချက်၊ ထုံးဖွဲ့ ချက်ပညတ် တရားတို့ကို စောင့်ရှောက် ၍ ၊ အကျွန်ုပ် ပြင်ဆင် သော အမှုကို အကုန်အစင် ပြီးစီးစေလျက်၊ ဗိမာန် တော်ကို တည်ဆောက် နိုင် မည်အကြောင်း ၊ စုံလင် သော စိတ် နှလုံးကိုပေး သနား တော်မူပါဟု၊ ပရိသတ် အပေါင်း တို့ရှေ့ မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် မြွက်ဆို ၏။
အိုဘုရား သခင်၊ အကျွန်ုပ် အထဲ ၌ စင်ကြယ် သောနှလုံး ကို ဖန်ဆင်း တော်မူပါ။ မြဲမြံ တည်ကြည်သော သဘော ကို အသစ် ပြုပြင်တော်မူပါ။
ဤ လူမျိုး ကို လမ်းပြ သောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြ ကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက် ကြလိမ့်မည်။
အကြောင်း မူကား၊ ထာဝရဘုရား သည် အိပ် ချင် သောသဘော ကို သင် တို့၌ သွင်း သဖြင့် ၊ သင် တို့မျက်စိ ကို ပိတ် ၍၊ သင် တို့၏ ပရောဖက် များ၊ မင်း များ၊ ဗျာဒိတ် ခံသူများ တို့ကို ဖုံးလွှမ်း တော်မူပြီ။
ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာ ကို မ ခံမှီသားကိုဘွား ၏။ ဝေဒနာ ခံချိန်မ ရောက် မှီ သား ယောက်ျားကိုမြင် ၏။
နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
ငါသည်လည်း၊ ညီညွတ် သော စိတ်နှလုံး နှင့် အသစ် သောသဘော ကို သွင်း ပေးမည်။ သူတို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ ၊ အသား နှလုံး ကိုပေး သောကြောင့် ၊
သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။
¶ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
¶ ယေရှု ကလည်း ၊ သင်တို့သည် ကျမ်းစာ ကိုနား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့်မှား သောအယူကိုယူကြ၏။
အကြောင်းမူကား ၊ အပြင် အားဖြင့်သာ ယုဒ လူဖြစ် သောသူ သည်ယုဒလူမှန်မ ဟုတ်။ အပြင် အားဖြင့်သာကိုယ်အသား အရေဖျားလှီး ခြင်းသည် အရေဖျားလှီးခြင်းအမှန် မ ဟုတ်။
ခရစ်တော် ၏ အရေဖျားလှီး ခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ် ကိုပယ်ရှင်း ၍၊ လက် ဖြင့်မလုပ်သော အရေဖျားလှီး ခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ်၍၊