TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။

ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ် သား တစ်ယောက်တည်း ရှိ သေး သည်ဖြစ်၍၊ ထိုသူတို့သည် ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိသား ကို နောက်ဆုံး ၌ စေလွှတ် လေ၏။”

နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။

¶ နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။

သား တော်ကို ပယ် သောသူ မူကား အသက် ကို မ တွေ့ ရ။ ထိုသူ ၏အပေါ် ၌ဘုရားသခင် ၏ အမျက် တော်တည်နေ သည်ဟု ယောဟန်ဟော လေ၏။

ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။

ငါ တို့သည် အပြစ် ရှိ စဉ် ပင်၊ ခရစ်တော် သည် ငါ တို့အတွက် ကြောင့် အသေခံ တော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက်ချစ် တော်မူသည်ကို ငါ တို့အား ထင်ရှားစွာပြ တော်မူ၏။

မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။

သို့သော်လည်း ကရုဏာ တော်နှင့် ကြွယ်ဝ တော်မူသော ဘုရားသခင် သည် ငါ တို့ကို ချစ် တော်မူသော မဟာ မေတ္တာ တော်အားဖြင့် ၊

ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။

သား တော်အားဖြင့် ငါတို့သည် အသက် ရှင်စေခြင်းငှာ ၊ ဘုရားသခင် သည်တစ်ပါးတည်း သော သား တော်ကို ဤလောက သို့ စေလွှတ် တော်မူသောအရာ၌၊ ငါ တို့ကို ချစ် တော်မူသောမေတ္တာတော်သည် ထင်ရှား လျက်ရှိ၏။

သစ္စာစောင့် သော သက်သေခံ ဖြစ်တော်မူထသော၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီ ဘုရင် တို့၏ အထွဋ် ဖြစ်တော်မူသော ယေရှု ခရစ် အထံတော်က ၎င်း၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည်သင် တို့၌ရှိပါစေသော။ ငါ တို့ကိုချစ် ၍ မိမိ အသွေး နှင့် ငါ တို့အပြစ် များကို ဆေးကြော တော်မူ၍၊