ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ၊ အကျွန်ုပ် နှလုံး သည် အထုံးအဖွဲ့ တော်တို့၌ စုံလင် ပါစေသော။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အိုဘုရား သခင်၊ အကျွန်ုပ် ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏နှလုံး ကို သိမှတ် တော်မူပါ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ် တော်မူပါ။
အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက် ခြင်းကိုပေး တော်မူလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် တို့၏ အမှု ရှိသမျှ တို့ကို အကျွန်ုပ် တို့အဘို့ ပြု တော်မူ၏။
နာသနေလ လာ သည်ကို ယေရှု သည် မြင် တော်မူလျှင်၊ လှည့်စား ခြင်းအပြစ်နှင့်ကင်းလွတ် သော ဣသရေလ လူစစ် ကိုကြည့် လော့ ဟု ထိုသူ ကိုအမှတ် ပြု၍ မိန့် တော်မူ၏။
ငါ ၌ တည်နေ ကြလော့။ ငါ သည်လည်း သင် တို့၌ တည်နေမည်။ စပျစ်ခက် သည် အပင် ၌ မ တည် လျှင် ၊ ကိုယ်အလိုအလျောက် အသီး မ သီး နိုင် သကဲ့သို့ ၊ သင် တို့သည် ငါ ၌ မ တည် လျှင် အသီးမ သီးနိုင်ကြ။
သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
အလင်း တော်၏ အကျိုး မူကား ၊ အလုံးစုံ သော ကောင်းမွန် ခြင်း၊ ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းဖြစ် သတည်း။
အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။
မိမိ နှစ်သက် တော်မူသော အမှုအရာ ကို ယေရှု ခရစ် အားဖြင့် သင် တို့၌ ပြု တော်မူ၍၊ သင်တို့သည် အလို တော်သို့ လိုက် မည်အကြောင်း ၊ ကောင်း သောအကျင့်အမျိုးမျိုး ၌ သင် တို့ကိုပြုပြင် တော်မူပါစေသော။ ထို သခင် ယေရှုခရစ်သည် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်
ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ၌ ပညာ ကို၎င်း၊
သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။
ယေရှု သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို ဝန်ခံ သောသူမည်သည်ကား၊ ဘုရားသခင် ၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ ၌ တည် တော်မူ၏။
¶ သာဒိ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ် ပါးနှင့်ကြယ် ခုနစ် လုံး ရှိ သောသူ ၏အမိန့် တော်ကား၊ သင် ၏အကျင့် ကိုငါသိ ၏။ သင် သည် အသက်ရှင်ဟန် ရှိ သော်လည်း သေ လျက် နေ သည်ကို ငါသိ၏။