ငါရွေးကောက် သောသူ ၏ လှံတံ သည် အပွင့် ပွင့် လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသား တို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန်ငါနား မငြီးရာဟု မိန့် တော်မူသည်အတိုင်း၊
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:27
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင့်ကိုအမိဝမ်း ထဲ ၌ငါမဖန်ဆင်း မှီ သင့် ကို ငါသိ ပြီ။ မ ဘွား မှီကပင် သင့် ကို ငါသန့်ရှင်း စေ၍၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက် အရာ၌ ခန့် ထားပြီဟု မိန့်တော်မူ၏။
ထာဝရဘုရား သည် နွား ကျောင်း ရာမှ ငါ့ ကို နှုတ်ယူ ၍၊ သင်သွား လော့။ ငါ ၏လူ ဣသရေလ အမျိုးတွင် ပရောဖက် ပြုလော့ဟု မိန့် တော်မူ၏။
တစ်ဦး ၌ အခွက်နှစ်ဆယ် ၊ တစ်ဦး ၌ အခွက်တစ်ဆယ် ကို အပ်ပေး ပြီးမှချက်ခြင်း သွား လေ၏။
ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့ သွား မည်အကြံရှိသည်နှင့် မိမိ အိမ် ကို ငယ်သား တို့ လက်သို့အပ် ၍၊ သူ တို့ဆောင်ရွက် စရာအမှုကို အသီးအသီး ခွဲခန့် စီမံ၍ ၊ တံခါးမှူး ကိုစောင့် နေစေဟု မှာထား ပြီးမှသွား သည်ဖြစ်၍၊”
ထိုသို့ ပေး တော်မူသော ကျေးဇူး တော်အတိုင်း ငါ တို့သည် အသီးသီး အပြားပြားသော ဆု များကိုခံရသည်ဖြစ် ၍ ၊ ပရောဖက် အရာရှိလျှင် ၊ ယုံကြည် ခြင်း၏ပမာဏ ကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။
ငါ တို့သည် လောကီ ဝိညာဉ် ကို မ ခံရ ကြ။ ဘုရားသခင် ပေး တော်မူသောအရာ တို့ကို သိ ခြင်းအလိုငှာ ဘုရားသခင် ထံမှ ကြွလာသော ဝိညာဉ် ကိုခံရကြပြီ။
ထိုမှတစ်ပါး၊ အဘယ်သူ သည် သင့် ကိုထူးခြား စေသနည်း။ သူတစ်ပါးလက်မှ မ ခံ မယူဘဲ အလိုအလျောက် ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိ သလော။ သူတစ်ပါးလက်မှ ခံယူ သည်မှန် လျှင် ၊ မ ခံ မယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွား သနည်း။
သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်သာ ငါ ဖြစ်သည်အတိုင်း ငါဖြစ် ၏။ ငါ ခံရသော ကျေးဇူး တော်ကိုလည်း အကျိုးမဲ့ ခံရသည်မ ဟုတ်။ အခြား သော တမန်တော် အပေါင်း တို့ထက်၊ ငါသည် သာ၍ ကြိုးစား ခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ၊ ငါ ကြိုးစားသည်မ ဟုတ်။ ငါ နှင့်အတူ ရှိသောဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
¶ ဘုရားသခင် ၏အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏တမန်တော် ဖြစ်သော ငါပေါလု သည် ဧဖက် မြို့၌ နေ သော သန့်ရှင်း သူတည်းဟူသောယေရှု ခရစ် ကိုယုံကြည် သောသူတို့ကို ကြားလိုက်ပါ၏။
ငါ သည်ထိုသက်သေခံ သောသူ အရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း၊ ယုံကြည် ခြင်းတရားနှင့် သမ္မာတရား ကို တစ်ပါး အမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသား စကားကိုမ ဆို၊ မှန် သောစကားကိုဆို ၏။
ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။