TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:29

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အဘ သည်လည်း ၊ မိန်းမ နေရာအရပ်သို့ သွား ပြန်၍ ရှံဆုန် သည် လူပျို ထုံးစံအတိုင်း ပွဲ လုပ် လေ၏။

ဇိအုန် သတို့သမီး တို့၊ လက်ထပ် မင်္ဂလာဆောင်သောနေ့ ၊ နှလုံး တော်ရွှင်လန်း သောနေ့ ၌ မယ်တော် တင် သော ဦးရစ် သရဖူကို ဆောင်းတော်မူသောရှောလမုန် မင်းကြီး ကို သွား ၍ ဖူးမြင် ကြလော့။

¶ ငါ နှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ ဥယျာဉ် ထဲ သို့ ငါဝင် လာပြီ။ ငါ့ မုရန် နှင့် နံ့သာမျိုး ကိုခံယူ ပြီ။ ငါ့ ပျားရည် နှင့် ပျားလပို့ ကို စား ရပြီ။ ငါ့ နို့ နှင့် စပျစ်ရည် ကိုသောက် ရပြီ။ ငါ့အဆွေ တို့၊ စား ကြလော့။ ငါ့မိတ်ဆွေ တို့၊ သောက် ကြ။ ဝ စွာ သောက်ကြလော့။

သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။

အော်ဟစ် ရမည်အရာဟူမူကား၊ ထာဝရဘုရား က၊ လယ် မ လုပ် သော တော အရပ်၌ သင် သည် ငါ့ နောက် သို့လိုက် သောအခါ၊ အသက် အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြား ပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်း မေတ္တာကို၎င်း ငါအောက်မေ့ ၏။

ငါသည် ကိုယ် အဘို့ သင့် ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ် ခြင်း၊ တရားသဖြင့် စီရင် ခြင်း၊ ချစ် သနား စုံမက်ခြင်းနှင့်အညီ ကိုယ် အဘို့ သင့် ကို သိမ်းယူ မည်။

ကောင်းကင် နိုင်ငံ တော်သည် မိမိ သား အဘို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို စီရင် သောမင်းကြီး နှင့်တူ ၏။

ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။

ယခု တိုင်အောင် ငါ ၏နာမ ကိုအမှီပြု ၍ သင်တို့သည် အဘယ် ဆုကိုမျှမ တောင်း ကြသေး။ သင် တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာတောင်း ကြလော့။ ထိုသို့တောင်းလျှင် ရ ကြလိမ့်မည်။

အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။

သင်တို့သည် အချင်းချင်း ချစ် ကြ၍၊ စိတ် မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တစ် ညီတစ်ညွတ်တည်းရှိသောအားဖြင့်၊ ငါ ဝမ်းမြောက် စရာအကြောင်း ကို စုံလင် စေကြလော့။

သင် တို့အား ငါရေး စရာအကြောင်း အများ ရှိ သော်လည်း ၊ စက္ကူ ပေါ်၌မှင် နှင့်ရေးခြင်းငှာအလို မ ရှိ၊ သင် တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက် ခြင်းစုံလင် မည်အကြောင်း ၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြော မည်ဟုမြော်လင့် လျက်နေ ၏။

နောက်ဆုံး သော ဘေးဒဏ် ခုနစ် ပါးနှင့် ပြည့် သောဖလား ခုနစ် လုံးကို ဆောင် သော ကောင်းကင်တမန် ခုနစ် ပါးတွင် တစ် ပါးသည် လာ ပြီးလျှင် ငါ့ ကိုနှုတ်ဆက် ၍ ၊ လာ ခဲ့ပါ။ သိုးသူငယ် ၏ ခင်ပွန်း တည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကို ငါပြ မည်ဟု ပြောဆို လျက် ၊