ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:31
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုသူ သည်ငါ့ နောက် ကြွလာ သော်လည်းငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ ၏ခြေနင်း တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာ ငါ မ ထိုက် ဟုပြန်ပြော ၏။
မြေကြီး အရာကို ငါပြော ၍ သင် တို့သည် မ ယုံ လျှင် ၊ ကောင်းကင် အရာကို ငါပြော သောအခါ အဘယ်သို့ ယုံ ကြလိမ့်မည်နည်း။
ဘုရားသခင် ၏မုန့် မူကား ၊ ကောင်းကင် မှ ဆင်းသက် ၍ လောကီသား တို့အားအသက် ကို ပေး သောမုန့် ပေတည်း ဟုမိန့်တော်မူလျှင်၊
¶ ယေရှုကလည်း၊ သင် တို့သည် အောက် သားဖြစ် ကြ၏။ ငါ မူကား အထက် သားဖြစ် ကြ၏။ သင် တို့သည် လောကီသား ဖြစ် ကြ၏။ ငါ မူကား လောကီသား မ ဟုတ် ။
အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊
ရှေးဦးစွာ သော လူ သည်မြေကြီး က ဖြစ်သောကြောင့်မြေ သားဖြစ်၏။ ဒုတိယ လူ မူကား ၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
ထိုသို့ နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့် သောအရပ်သို့ တက်ကြွ တော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူ တို့အား ဆုလာဒ် များကို ပေး တော်မူသည်ဟုလာ သတည်း။
¶ တနည်း ကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြု ရာစီရင်ချက် နှင့်၎င်း ၊ လောကီ သန့်ရှင်း ရာ ဌာနတော်နှင့်၎င်း စပ်ဆိုင် ၏
ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။
ဘုရင် တို့၏ဘုရင် ၊ သခင် တို့၏သခင် ဟု ဘွဲ့နာမ တော်သည် အဝတ် တော်၌ ၎င်း ၊ ပေါင် တော်၌ ၎င်း ရေး ထားလျက်ရှိ ၏။