TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:10

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊

အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချ လျက် ရှိသောသူတို့ ၏တောင့်တ ခြင်း အသံကိုကြား တော်မူ၏။ သူ တို့၏စိတ် နှလုံးကို တည်ကြည် စေတော်မူ၏။

မြစ် တမြစ်ရှိသေး၏။ ထို မြစ် ရေသည်စီး၍ ဘုရား သခင်၏ မြို့ တည်းဟူသောအမြင့်ဆုံး သောဘုရား ကျိန်းဝပ် တော်မူရာ သန့်ရှင်း သော မြို့တော်ကို ရွှင်လန်း စေတတ်၏။

ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။

သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။

သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။

¶ အို ရေ ငတ်သောသူအပေါင်း တို့၊ ရေ ရှိရာသို့ လာ ကြလော့။ ငွေ မ ရှိသောသူ တို့၊ လာ ကြ။ ဝယ် ၍ စား သောက်ကြလော့။ ငွေ မ ပါ ဘဲ၊ အဘိုး ကို မ ပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ ကို ဝယ် ကြလော့။

ငါ ၏ လူ တို့သည် အသက် စမ်း ရေတွင်း တည်း ဟူသော၊ ငါ့ ကိုစွန့်ပယ် ၍၊ ရေ မ လုံ ၊ ပဲ့ ပျက်သောရေကျင်း တို့ကို တူး သောအားဖြင့် ဒုစရိုက် နှစ် ပါးကို ပြု ကြပြီ။

¶ ထိုနောက်မှ အိမ် တော်တံခါး သို့ တဖန်ငါ့ ကို ဆောင် ခဲ့၍ ၊ တံခါးခုံ အောက်မှာ အရှေ့ ဘက်သို့ ထွက် သော ရေ ကိုငါမြင် ၏။ အိမ် တော်ဦး သည် အရှေ့ သို့မျက်နှာပြု၍၊ ရေ သည်အိမ် တော်တံခါးခုံလက်ျာ အောက် ၊ ယဇ်ပလ္လင် တော် တောင် ဘက်မှ စီး သွားလေ၏။

ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။

သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။

သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။

ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။

¶ ယေရှု ကလည်း၊ ငါ သည်အသက် မုန့် ဖြစ် ၏။ ငါ့ ထံသို့ လာ သောသူ သည်နောက်တဖန်အဆာအမွတ် မ ခံရ။ ငါ့ ကို ယုံကြည် သောသူ သည် နောက်တစ်ဖန် ရေငတ် မ ခံရ။

¶ ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။

သခင် ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့် အမည် ရှိသော လမ်း သို့ သွား လော့။ ရှောလု အမည် ရှိသောတာရှု မြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေ လော့။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်း လျက်နေ၏။

ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။

ဘုရားသခင် ၏သား တော်သည်ကြွလာ ၍ ၊ မှန် သောဘုရားသခင်ကို သိသောဉာဏ် ကို ငါ တို့အား ပေး တော်မူသည်ကိုလည်း ငါတို့သိ ကြ၏။ မှန် သောဘုရားသခင်၌ ၎င်း ၊ သား တော်ယေရှု ခရစ် ၌ ၎င်းငါတို့သည် တည်လျက်ရှိ ကြ၏။ ထိုသူ သည်မှန် သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရ အသက် လည်း ဖြစ် တော်မူ၏။

အကြောင်းမူကား ၊ ပလ္လင် တော်အတွင်း ၌ ရှိသောသိုးသူငယ် သည် သူ တို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်း ရေ တွင်း သို့ လမ်းပြ လိမ့်မည်။ ဘုရားသခင် သည်လည်း သူ တို့မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်ဟုဆို လေ၏။

¶ တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။