အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:53
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ တပ်မှူး က၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုး အောက် သို့ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော် မ ခံထိုက် ပါ။ အမိန့် တော် တစ်ခွန်းရှိလျှင် ကျွန်တော် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
¶ ယေရှု ကလည်း ၊ ဤသူ သည် အာဗြဟံ ၏သား ဖြစ် သည်နှင့် အလျောက်၊ ယနေ့ ပင် ကယ်တင် တော်မူခြင်း ကျေးဇူးသည် ဤ အိမ် အပေါ်မှာသက်ရောက် လေ၏။
အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။
ထိုမိန်းမသည်အိမ်သူ အိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကို ခံပြီးမှ၊ ကျွန်မ သည် သခင် ဘုရား၌ အမှန် ယုံကြည် သည်ကို သင်တို့သည် ထင်မှတ် လျှင် ၊ ကျွန်မ အိမ် သို့ ဝင် ၍ နေ ကြပါဟုတောင်းပန် လျက် ငါ တို့ကို အနိုင် သွေးဆောင် လေ၏။
ကရိပ္ပု အမည်ရှိသောတရားစရပ်မှူး သည် မိမိအိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ သခင် ဘုရားကို ယုံကြည် လေ၏။ ကောရိန္တု ပြည်သားအများ တို့သည် လည်း ယုံကြည် ၍ ဗတ္တိဇံ ကိုခံကြ၏။