ထာဝရဘုရား မူကား ၊ ကာလအစဉ် အဆက် တည် တော်မူ၏။ တရား ပလ္လင် တော်ကို ပြင်ဆင် ၍၊
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:22
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။
အချင်းလူပျို ၊ အသက် ပျိုသောအခါ ပျော်မွေ့ လော့။ အသက် ပျိုစဉ် ကာလတွင် စိတ် ရွှင်လန်း ခြင်း ရှိလော့။ ကိုယ် အလို ရှိရာလမ်း နှင့် ၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရား သခင်စစ်ကြော ၍ ၊ သင့် ကို အပြစ်ပေး တော်မူမည် ဟု အောက်မေ့ လော့။
ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။
¶ ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
ထို သခင်သည်လည်း အသက်ရှင် သောသူတို့နှင့် သေ သော သူ တို့ကို တရား စီရင်သောသခင်ဖြစ် စေခြင်းငှာ ၊ ဘုရားသခင် ခန့်ထား တော်မူကြောင်းကို လူ အပေါင်းတို့အား ဟောပြော ကြလော့။ သက်သေခံ ကြ လော့ဟု ငါ တို့အားပညတ် ထားတော်မူ၏။
ငါ ဟောပြောသော ဧဝံဂေလိ တရားအတိုင်း ၊ ဘုရားသခင် သည် ယေရှု ခရစ် အားဖြင့် လူ တို့၏ မ ထင်ရှားသောအမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့။
အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။
¶ ကိုယ်တော် တိုင်ပေါ်ထွန်း ၍ နိုင်ငံ တော်ထင်ရှားသောကာလ၊ အသက် ရှင်သောသူ၊ သေ သော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင် ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ဘုရားသခင် ရှေ့မှာ၎င်း ၊ ငါသည် သင့်ကို သစ္စာ ပေးသည်ကား
တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။