TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 6:35

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။

ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။

ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။

ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။

ထိုကြောင့် ငါ၏ခမည်းတော် သည် အခွင့်ပေး တော်မ မူလျှင် ၊ အဘယ်သူ မျှငါ ထံသို့ မလာ နိုင် ဟု အထက် ငါဆို ခဲ့ပြီ ဟု မိန့် တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူ မ ယုံကြည် သည်ကို၎င်း ၊ အဘယ်သူ သည် ကိုယ်တော် ကို အပ်နှံ မည်ကို၎င်း ၊ ယေရှု သည်အစအဦး ၌ သိ တော်မူ၏။

ငါတို့သည် ကျေးဇူး တော်ကို ချီးမွမ်း ရာ မင်္ဂလာ ခွက်ဖလားမူကား၊ ခရစ်တော် ၏အသွေး ကို ဆက်ဆံ ခြင်းဖြစ် သည် မ ဟုတ်လော။ ငါတို့ဖဲ့ သောမုန့် မူကား၊ ခရစ်တော် ၏ ကိုယ် ကို ဆက်ဆံ ခြင်းဖြစ် သည် မ ဟုတ်လော။

သူတို့သည် နောက် တဖန် ရေ စာကို မ ငတ်မွတ်ရ ကြ။ နေရောင်ခြည် အလျှင်းမ ထိ ရ။ အဘယ် အပူ ကိုမျှ မခံရကြ။