သိတင်းကြား ပြောကြလော့။ လူများကို အနီး သို့ ခေါ်ခဲ့၍ တိုင်ပင် ကြစေ။ ဤ အမှုကို ရှေး ကာလမှစ၍ အဘယ်သူ ဘော်ပြ သနည်း။ အထက် က အဘယ်သူဟော ပြောသနည်း။ ငါ ထာဝရဘုရား ဟောပြောသည် မ ဟုတ်လော။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ ငါသည် ဖြောင့်မတ် သော ဘုရား ၊ ကယ်တင် သောဘုရား ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရားမ ရှိ။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 6:40
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား၏ကျွန်သည် အညွန့် ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ ၌ ပေါက် သောအတက် ကဲ့သို့ ၎င်း၊ ရှေ့ တော်၌ ကြီးပွား ၏။ ပမာဏပြုစရာ အဆင်း တင့်တယ်ခြင်းမ ရှိ။ ချစ် လို ဘွယ်သော မျက်နှာ လက္ခဏာ နှင့် မ ပြည့်စုံ။
ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို ချီးမြှောက် စေခြင်းငှာ ၎င်း ၊
အကြောင်းမူကား ၊ ထိုသား တော်ကို ယုံကြည် သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက် ကိုရ မည်အကြောင်းတည်း။
ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။
ငါ ၏အသား ကိုစား ၍ ငါ ၏အသွေး ကိုလည်း သောက် သောသူ သည်ထာဝရ အသက် ကိုရ ၏။ ထိုသူ ကို နောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။
ငါ့ ကို ကြည့် မြင်သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကိုကြည့် မြင်၏။
ထို ဝိညာဉ်တော်ကို လောကီသား တို့သည် မ သိ မ မြင် သောကြောင့် မ ခံ မယူနိုင် ကြ။ ထိုဝိညာဉ် တော် သည် သင် တို့နှင့်အတူ တည်နေ ၍ ၊ သင် တို့၌ ရှိ တော်မူသောကြောင့် သင် တို့သိ ရကြ၏။
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော်မူသမျှ သောသူ တို့အား ထာဝရ အသက် ကို ပေး စေခြင်းငှာ ၊ လူမျိုး အပေါင်း တို့ကို အစိုးရသောအခွင့် တန်ခိုးကိုသား တော်အား ပေး တော်မူသည်နှင့်အညီ ၊ သား တော် သည် ကိုယ်တော် ၏ဘုန်း ကို ထင်ရှားစေပါမည်အကြောင်း သား တော်၏ဘုန်း ထင်ရှားစေတော်မူပါ။
အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။
¶ ယုံကြည် ခြင်းသည် မြော်လင့် သောအရာတို့ကို မျက်မှောက် ပြု ခြင်းဖြစ် ၏။ မ မြင် သေးသော အရာ တို့ကို သိမှတ် စွဲလမ်းခြင်းအကြောင်းဖြစ်၏
ထိုသခင် ကိုသင်တို့သည် မ မြင် ဘူးသော်လည်းချစ် ကြ၏။ ယခု မှာ လည်းမ မြင် ဘဲလျက်၊ ယုံကြည် သော အားဖြင့်ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော ၍မမှီနိုင်သော ရွှင်လန်း ခြင်းစိတ်နှင့် ဝမ်းမြောက် ကြသည်ဖြစ်၍၊
ငါ တို့အား ပေးတော်မူသောဂတိ တော်မူကား ၊ ထာဝရ အသက် ကို ဝန်ခံတော်မူသောဂတိ တော်ပေတည်း။
ဘုရားသခင် ကို ချစ် ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက် ၍ ထာဝရ အသက် အလိုငှာ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ ကရုဏာ တော်ကို မြော်လင့် ၍ နေကြလော့။