ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 6:65
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဤ သိုးခြံ သို့ မ ဝင်သောအခြား သိုး တို့ကိုလည်း ငါပိုင် သေး၏။ ထို သိုးတို့ကို ငါ ဆောင်ခဲ့ ရ မည်။ သူတို့ သည်လည်း ငါ့ စကား သံကို နားထောင် သဖြင့်၊ သိုး ခြံတစ်ခု သိုးထိန်း တစ်ပါးတည်း ရှိ ရလိမ့်မည်။
ထိုမျှလောက်ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို သူ တို့မျက်မှောက် ၌ ပြ တော်မူသော်လည်း သူတို့သည် ယုံကြည် ခြင်းသို့ မ ရောက်ကြ။
အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊
ဆီးတား ငြင်းခုံသောသူ တို့ကို နူးညံ့ သိမ်မွေ့စွာ ဆုံးမ ရမည်။ သမ္မာတရား ကို ဝန်ခံ ခြင်းအလိုငှာ ၊ နောင်တ ကို ဘုရားသခင် ပေး ကောင်းပေးတော်မူ၍
ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏