ထာဝရဘုရား သည် ကောင်း သောသဘော၊ ဖြောင့်မတ် သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ် ရှိသောသူတို့ကို လမ်း ပြ တော်မူ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:17
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။
နှုတ်ကပတ် တော်ကို စောင့် လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှ တို့ကို လွှဲ ရှောင်ပါ၏။
နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။
ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။
ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။
¶ ထိုအခါ ယေရှု က၊ သင်တို့သည် ငါ ၏ဒေသနာ ၌ တည် လျှင် ငါ့ တပည့် အမှန် ဖြစ် ကြ၏။
ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။
ကောင်းကင်တမန် သည် သူ ၏အိမ် ၌ ထင်ရှားစွာရပ် လျက်၊ သင်သည်ယုပ္ပေ မြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကို ခေါ်ပင့် လော့။
ထိုကြောင့် စုံလင် သောသူရှိသမျှ တို့သည် ဤသို့သော သဘော ကို စွဲလမ်း ရကြမည်။ သင်တို့သည် တစ်စုံတစ်ခု သောအရာ၌ သဘောခြားနား လျှင် ၊ ထို အရာကို ပင်ဘုရားသခင် ဖော်ပြ တော်မူလိမ့်မည်။။