TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။

¶ လူ များတို့မြင် စေခြင်းငှာ ကိုယ် သီလ အကျင့်ကို သူ့ရှေ့မှောက် ၌ မ ကျင့် မည်အကြောင်း သတိပြု ကြလော့။ သို့မဟုတ် ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ထံမှ အကျိုး ကိုမ ခံ မရကြ။

သင်တို့သည် အစာရှောင် ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက် သောသူ တို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမ ရှိ ကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင် သည်ကို လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ မိမိ တို့မျက်နှာ ကိုဖျက် တတ်ကြ၏။

ကောင်း သောသူ သည် ကောင်း သော မိမိစိတ် နှလုံး ဘဏ္ဍာတိုက် ထဲက ကောင်း သောအရာ ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောအရာ ကိုထုတ်ဘော် တတ်၏။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွတ် တတ်၏။

ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့် ၍၊ ဝိညာဉ် တော်သည်ဟောပြော သော အခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုး သောဘာသာ စကားအားဖြင့်ဟောပြော ကြ၏။