အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား စေခြင်းငှာငါလာ သတည်း။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 7:43
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လူ အစုအဝေးတို့သည် ကိုယ်တော် ကိုအကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ် ကြ၏။ အချို့ တို့က၊ သူ သည်သူတော်ကောင်း ဖြစ် သည်ဟူ၍၎င်း၊ အချို့ တို့က၊ သူတော်ကောင်းမ ဟုတ်၊ လူ များကိုလှည့်ဖြား သည်ဟူ၍၎င်း ဆို ကြ၏။
¶ ထို စကား တော်ကြောင့် ယုဒ လူတို့သည် တစ်ဖန် ကွဲပြား ခြင်းရှိ ကြ၏။
ထို အခါ ဖာရိရှဲ တို့နှင့် ဇဒ္ဒုကဲ တို့သည် အချင်းချင်းငြင်းခုံ ၍ အစုအဝေး သည် ကွဲပြား ခြင်းသို့ ရောက် လေ၏။