TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 8:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အိုဘုရား သခင်၊ ကိုယ်တော် ၏ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏နိုင်ငံ သည် တရား သဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။

အကြောင်း မူကား၊ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် စွာ စီရင်၍ ၊ လူများ ကို ဟုတ်မှန် ခြင်းတရား အတိုင်း စီရင် ဆုံးဖြတ်တော်မူလတံ့။

ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။

¶ ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။

အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။

ငါ့ ကိုစေလွှတ် တော်မူသောသူ သည် ငါ နှင့်အတူ ရှိ တော်မူ၏။ ငါ့ ကို တစ်ကိုယ် တည်းနေစေခြင်းငှာခမည်းတော်သည် စွန့်ပစ်တော် မ မူ။ အကြောင်းမူကား ၊ နှစ်သက် တော်မူသောအမှု ကို အစဉ်မပြတ် ငါ ပြု သည် ဟု မိန့် တော်မူ၏။

အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။