¶ ထိုနောက် ဒါဝိဒ် လက်ထက် ၌ သုံး နှစ် ပတ်လုံးအစာ အာဟာရ ခေါင်းပါးခြင်းဖြစ် ၍၊ ဒါဝိဒ် သည်ထာဝရဘုရား ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ဂိဗောင် လူတို့ကိုသတ် သော ရှောလု နှင့် လူအသက် ကိုသတ် တတ် သော ရှောလုအမျိုး ကြောင့် ဤအမှုရောက်လေပြီဟု မိန့် တော်မူ၏။
TSK
TSK · ယောရှုမှတ်စာ။ 9:20
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။
သို့ရာတွင် ၊ မြင်း များ၊ လူ များ တို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တု ပြည်သို့ စေလွတ် ၍ ပုန်ကန် လေပြီ။ ထိုသို့ ပြု သောသူသည် ကောင်းစား ရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာ ဖျက် ပြီး မှလွတ် ရမည်လော။
ကောင်းကင်တမန်ကလည်း၊ ထို စာစောင်သည် တပြည်လုံး ကို နှံ့ပြား သော ကျိန် ခြင်းဖြစ်၏။ ခိုး တတ်သောသူ ရှိသမျှ တို့သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ အကျိန် ရဲသောသူ ရှိသမျှ တို့ သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။
သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မ ဟုတ်မမှန်ဘဲကျိန်ဆိုသောသူမှစ၍ ၊ စင်ကြယ် သောဩဝါဒ နှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဘို့ ပညတ် တရားကို ထားသည်ဟု သိမှတ် ၍၊ ထိုတရားကိုတရားသဖြင့်သုံး သောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိ ကြ၏။