TSK

TSK · ယေရမိမြည်တမ်းစကား။ 4:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။

အိုထာဝရဘုရား ၊ ယေရုရှလင် မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုး ကို အမြစ် တိုင်အောင် ရှင်း လိုက်ကြ၊ ရှင်း လိုက်ကြဟု ဆို ကြသော ဧဒုံ အမျိုးသား တို့ကို အောက်မေ့ တော်မူပါ။

¶ အိုလူမျိုး တို့၊ သင်တို့သည် ကြား ရ အံ့သောငှါ ချဉ်းကပ် ကြလော့။ အို လူစု တို့၊ နားထောင် ကြလော့။ မြေကြီး နှင့် မြေကြီး ၌ ပါသမျှ သော အရာ၊ လောက ဓါတ် နှင့် လောက ဓါတ် တန်ဆာ ခပ်သိမ်း တို့သည် ကြား ကြ ပါစေ။

ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကလည်း ၊ အမျက် တော်စပျစ်ရည် ဖလား ကို ငါ့ လက် မှ ခံယူ လော့။ ငါ သည်သင့် ကို စေလွှတ် သော လူမျိုး အပေါင်း တို့ကို သောက် စေလော့။

ထာဝရဘုရား မိန့် တော်မူသည်ကား၊ ခွက် ဖလား ကို မ သောက် ထိုက် သောသူ တို့ သည် အကယ်၍သောက် ကြသည် မှန်လျှင်၊ သင်သည်အပြစ် ကို မခံဘဲ ရှင်းရှင်းလွတ် ရမည်လော။ မ လွတ် ဘဲမနေရ။ စင်စစ် သောက် ရမည်။

တဖန်မောဘ ပြည်နှင့် စိရ မြို့က၊ ယုဒ အမျိုး သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူသည်ဟု ဆို သောကြောင့် ၊

အချင်းလူသား ၊ တုရု မြို့က၊ အေ့ဟေ ၊ တိုင်း နိုင်ငံတို့၏ တံခါး ဖြစ်သော ယေရုရှလင် မြို့သည် ပျက်စီး သည် ဖြစ်၍ ၊ ငါ့ လက်သို့ ရောက် လိမ့်မည်။ ထိုမြို့ဆိတ်ညံ သောကြောင့် ငါစည်ပင် လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆို မိသောကြောင့်၊

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ သင်သည်သူ တို့ကို ရန်ငြိုး ဖွဲ့၍ ဒေါသ စိတ်၊ ငြူစူ သောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြု မည်။ သင့် ကို စီရင် သောအခါ သူ တို့တွင် ငါထင်ရှား လိမ့်မည်။

တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဧဒုံ ပြည်သည် သနား သောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထား နှင့် လိုက် သောအပြစ်၊ ဒေါသ စိတ်နှင့် အစဉ်အမြဲ ဆွဲဖြတ် ၍ အစဉ်အမြဲ အငြိုး ထား သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။

သင် သည် ညီ ယာကုပ် ကို အသေသတ်ခြင်း၊ အနိုင် အထက် ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ ၍ ၊ အကုန်အစင် ပယ်ဖြတ် ခြင်းကိုခံရလိမ့်မည်။

အိုရှဖိရ မြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွား လော့။ ဇာနန် မြို့သမီး သည် ငိုကြွေး ခြင်းကို ပြုလျက် မ ထွက် ရ။ ဗေသဇေလ မြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။

နိမိတ် လက္ခဏာတို့ကိုပြ သော နတ်ဆိုး ၏ ဝိညာဉ် ဖြစ် သတည်း။ ထိုဝိညာဉ်တို့သည် လောကီ တ နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင် တို့ထံသို့ ထွက်သွား ၍ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ နေ့ ကြီး ၌ စစ်တိုက် ခြင်းအလိုငှာ စုဝေး စေကြ၏။