အာရုန် ၏သား တို့ ဘုန်း အသရေ ကို ထင်ပေါ်စေခြင်းငှါ ၊ အင်္ကျီ ၊ ခါးပန်း ၊ ဦးထုပ် များကို လုပ် ပေးရမည်။
TSK
TSK · ဝတ်ပြုရာကျမ်း 8:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
သင် တို့မူကား၊ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဟူ၍၎င်း၊ ငါ တို့ဘုရား သခင်၏ အမှုတော်ထမ်း ဟူ၍၎င်း သမုတ် ခြင်းကိုခံရကြလိမ့်မည်။ တပါးအမျိုးသား တို့ ၏ စည်းစိမ် ကို စား ၍ ၊ သူ တို့၏ ဘုန်း အသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။
မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။