TSK

TSK · ရှင်လုကာခရစ်ဝင်။ 12:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။

ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။

သို့ဖြစ်၍သင် သည် ခါးပန်း ကို စည်း ၍ ထ လော့။ ငါ မှာ ထားသမျှ ကို သူ တို့အား ဟော ပြောလော့။ သူ တို့ ရှေ့ မှာ သင့် ကို ငါအရှက်မခွဲရမည်အကြောင်းသူ တို့ကို မ ကြောက် နှင့်။

အချင်းလူသား ၊ သင် သည် ဆူး ပင်အမျိုးမျိုးနှင့် တွေ့၍ ၊ ကင်းမြီးကောက် တို့တွင် နေ ရသော်လည်း သူ တို့ကိုမ ကြောက် နှင့်။ သူ တို့စကား ကိုလည်း မ ကြောက် နှင့်။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သူ တို့ စကား ကိုမ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်။

¶ တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။

ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊

ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူ တို့၌ ပျက်စီး ခြင်း၏ နိမိတ် လက္ခဏာဖြစ် ၏။ဘုရားသခင် စီရင် တော်မူသောအားဖြင့် သင် တို့၌ကား ၊ကယ်တင် ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။။

ဖြောင့်မတ် ခြင်းတရားကြောင့် ဆင်းရဲ ခံရလျှင် မူကား ၊ မင်္ဂလာ ရှိကြ၏။ သူ တို့၏ခြိမ်းချောက် ခြင်းကို မ ကြောက် ကြနှင့်၊ မ ထိတ်လန့် ကြနှင့်။