¶ ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗိမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
TSK
TSK · ရှင်လုကာခရစ်ဝင်။ 2:49
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မိဘတို့သည် သား ကိုမြင် လျှင် မိန်းမော တွေဝေ၍ မယ်တော် က၊ ငါ့သား ၊ အဘယ်ကြောင့် ငါ တို့အား ဤသို့ ပြု သနည်း။ ညှိုးငယ် ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာ ကြပြီဟုဆို သော်၊
¶ ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။
အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။
ငါ့ ကို စေလွှတ် တော်မူသော သူ ၏အမှု ကို နေ့ အချိန်၌ရှိ စဉ် တွင် ငါ ပြု ရ မည်။ အဘယ်သူ မျှအမှု မပြုနိုင် သော အချိန် တည်းဟူသောညဉ့် အချိန်လာ သေး၏။