TSK

TSK · ရှင်လုကာခရစ်ဝင်။ 21:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”

¶ သူ တို့ကလည်း ၊ အရှင် ဘုရား၊ ထို အမူအရာတို့သည် အဘယ် ကာလမှဖြစ် ပါမည်နည်း။ ထို အမှုအရာ တို့သည် ဖြစ် ချိန်နီးသောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်း ပါမည်နည်းဟု မေး လျှောက် ကြလျှင်၊