တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 1:3
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။
ယုဒ လူတို့က၊ သင် သည်အဘယ်သူ နည်းဟု ယောဟန် ကိုမေးမြန်း စေခြင်းငှာ ယဇ် ပုရောဟိတ်နှင့် လေဝိ လူတို့ကို ယေရုရှလင် မြို့မှ စေလွှတ် သောအခါ ၊ ယောဟန် သည် သက်သေခံ လေသည်မှာ၊