သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 12:31
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။
¶ ထိုသူက၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ ၊ ဉာဏ် ရှိသမျှ နှင့် ချစ် လော့။ ကိုယ် နှင့် စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက် လေ၏။
အချင်းချင်း ချစ် ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေး မျှ မ တင်စေနှင့်။ သူတစ်ပါး ကိုချစ် သောသူ သည် အကျင့် တရားနှင့်ပြည့်စုံ ပြီ။
အကြောင်းမူကား ၊ ကိုယ် နှင့်စပ်ဆိုင်သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ် တရားရှိသမျှ ကို အကြွင်းမဲ့ ကျင့်ရာ ရောက်၏။
အကြင်သူ သည် လောကီ စည်းစိမ် ဥစ္စာရှိ လျက်ပင်၊ မိမိ ညီအစ်ကို ဆင်းရဲခြင်းကိုမြင် ၍ ၊ သနား ခြင်းကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာ တော်သည် အဘယ်သို့ တည် မည်နည်း။
ဘုရားသခင် ကို ချစ် သောသူ သည် မိမိ ညီအစ်ကို ကို ချစ် ရမည်ဟူသော ပညတ် တော်ကို ငါတို့သည် ခရစ်တော် ထံ၌ ခံရ ကြပြီ။