ဘေးလွတ်ခြင်းငှါထို မြို့သို့ အလျင်အမြန် ပြေး လော့။ ထို မြို့သို့ မ ရောက် မှီ ငါသည် အဘယ်အမှု ကိုမျှ မ ပြု နိုင်ဟုဆို လေ၏။ ထိုကြောင့် ထိုမြို့ ကို ဇောရ မြို့ဟု သမုတ် ကြ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 13:15
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။
သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍ ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား ၊ အစဉ်အတိုင်း သွား ၍ အမှု နှင့်တွေ့တတ်၏။
ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
ဝ စွာစားပြီးမှ ဆန် စပါးကိုပင်လယ် ထဲသို့ ပစ်ချ ၍ သင်္ဘော ကိုပေါ့ စေကြ၏။
နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏