TSK

TSK · ရှင်မာကုခရစ်ဝင်။ 13:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။

ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။

တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။

ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊

အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။

လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊

အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍၊ ရွေးချယ် သောသူ တို့ကိုပင်လှည့်ဖြား နိုင် လျှင် လှည့်ဖြားနိုင်လောက်အောင်နိမိတ် လက္ခဏာအံ့ဘွယ် သောအမှုတို့ကိုပြ ကြလိမ့်မည်။”

ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် ၍ တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား မ စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။

ထိုအမျိုး အတွက် သာမက အရပ်ရပ်တို့၌ ကွဲပြား လျက်ရှိသော ဘုရားသခင် ၏သား များကို အတူစုဝေး စေခြင်းငှာ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော ၏။

ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်း သောသူ၊ ချစ် အပ်သောသူ ကဲ့သို့ ၊ သနားစုံမက် ခြင်း၊ ကျေးဇူး ပြုခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။။

¶ ညီအစ်ကို တို့၊ ငါ တို့ သခင် ယေရှု ခရစ် ကြွလာ တော်မူ၍ ၊ ငါ တို့သည်အထံ တော်၌ စည်းဝေး ခြင်းအရာမှာ၊ သခင် ဘုရား၏ နေ့ရက် သည် ချက်ခြင်းရောက် မည်ဟူ၍စိတ်ဝိညာဉ် အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကား အားဖြင့် ဖြစ်စေ၊ ငါ တို့စာ ကဲ့သို့သော စာအားဖြင့် ဖြစ်စေ၊

ပုန္တု ပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိ ပြည်၊ အာရှိ ပြည်၊ ဗိသုနိ ပြည်၊ အရပ်ရပ်တို့၌ ကွဲပြား သော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။

ယုဒ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ရုဗင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဂဒ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်။