ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 13:31
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုသို့ ထာဝရဘုရား က၊ သင် ၏ သား မြေးလေး ဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည်ဟု ယေဟု အား မိန့် တော်မူသော စကား တော် ပြည့်စုံ သတည်း
ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
မိုဃ်း ကောင်းကင်ကို မျှော် ၍ကြည့်ကြလော့။ မြေကြီး ကိုလည်း ငုံ့ ၍ ကြည့် ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုး ကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီး သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း လိမ့်မည်။ မြေကြီး သား တို့သည် ခြင် ကောင်ကဲ့သို့ သေ ကြလိမ့်မည်။ ငါ ၏ ကယ်တင် ခြင်းတရား မူကား အစဉ် အမြဲတည် လိမ့်မည်။ ငါ ၏ ဖြောင့်မတ် ခြင်း တရားလည်း ပပျောက် ခြင်း မ ရှိနိုင်ရာ။
ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး မ ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။
ကောင်းကင် နှင့် မြေကြီး မ တည် သော်လည်း ငါ့ စကား တည် လိမ့်မည်။
ငါ ၌အပ် ထားသော တရား ဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌၊ နှုတ်ကပတ် တရားတော်ကို ထင်ရှား စေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရ အသက် ကို မြော်လင့် သည်ဖြစ်၍၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံ ခြင်းအလိုငှာ၎င်း
သူခိုး သည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား၏ နေ့ရက် သည် လာ လိမ့်မည်။ ထိုနေ့ ၌ မိုဃ်း ကောင်းကင်သည် ကြီးစွာ သောအသံနှင့်တကွပျောက်သွား လိမ့်မည်။ မြေကြီး ကိုယ်မှစ၍ ၊ မြေကြီးပေါ်မှာပြုလုပ် သမျှသောအရာတို့သည် လောင်ကျွမ်း ကြလိမ့်မည်။