TSK

TSK · ရှင်မာကုခရစ်ဝင်။ 13:33

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင် တို့အရှင် သည် အဘယ် အချိန်နာရီ ၌ရောက်လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြ လော့။

တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။

အိမ် ရှင် သည် ညဦး အချိန်၊ သန်းခေါင် အချိန်၊ ကြက်ဦးတွန် ချိန်၊ နံနက် အချိန်တို့တွင် အဘယ် အချိန်၌ လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြလော့။”

ထိုကြောင့် သင် တို့သည် ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့မ ထင်မှတ် သောအချိန် ၌ လူ သား သည် ကြွလာ လိမ့်မည် ဟု မိန့်တော်မူ၏။

ထိုမှတစ်ပါး၊ ငါ တို့ကို ကယ်တင် သော ကျေးဇူးတော်သည် ငါတို့ယုံကြည် သော နေ့ရက်၌နီးသည်ထက် ယခု သာ၍နီး သောကြောင့် ၎င်း၊

သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။

ခပ်သိမ်း သောအမှုအရာတို့သည် အဆုံး သို့ရောက် လုသည် ဖြစ်သောကြောင့် ၊ သမ္မာ သတိရှိကြလော့။ ဆုတောင်း ခြင်းအလိုငှာ စောင့် နေကြလော့။

မအိပ်ဘဲစောင့် ၍နေ လော့။ ကျန်ရစ် ၍ သေ လု သောအရာ တို့ ကို ပြုစု လော့။ သင် ၏အကျင့် သည် ငါ ၏ဘုရားသခင် ရှေ့ ၌မ စုံ မလင်ရှိသည်ကိုငါတွေ့ ပြီ။