TSK

TSK · ရှင်မာကုခရစ်ဝင်။ 2:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်၌ ငြိမ်ဝပ် စွာနေရမည်။ သို့ပြုလျှင် သင် ၏နွား မြည်း တို့သည် ငြိမ်ဝပ် စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင် ၏ ငယ်သား များ၊ ဧည့်သည် များတို့လည်း သက်သာ ရ ကြလိမ့်မည်။

ကိုယ်တော်တိုင်လည်း၊ သိနာ တောင် ပေါ် သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင် ထဲက ဗျာဒိတ် သံကို လွှတ် သဖြင့် ၊ ဟုတ်မှန် ဖြောင့်မတ်သော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို အပ် ပေးတော်မူ၏။

ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။

ယေရှု ကလည်း၊ သင် တို့ကိုငါမေး မည်။ ဥပုသ်နေ့ ၌ အဘယ်သို့ပြုအပ် သနည်း။ ကျေးဇူးပြု အပ်သလော ။ သူ့အကျိုးကို ဖျက်ဆီး အပ်သလော။ အသက် ကို ကယ် အပ်သလော ၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူပြီးလျှင် ၊

ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။

ထိုကြောင့် စား သောက် ခြင်းအမှု၊ ပွဲ နေ့၊ လ ဆန်းနေ့၊ ဥပုသ်နေ့ တို့ကို စောင့်ခြင်းအမှုတွင် သင် တို့ကို အဘယ်သူ မျှ မ စစ်ကြော မစီရင်စေနှင့်။။