ငါသည်လည်း၊ ညီညွတ် သော စိတ်နှလုံး နှင့် အသစ် သောသဘော ကို သွင်း ပေးမည်။ သူတို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ ၊ အသား နှလုံး ကိုပေး သောကြောင့် ၊
TSK
TSK · ရှင်မာကုခရစ်ဝင်။ 4:5
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ် အဘို့ ဖြောင့်မတ် ခြင်းမျိုးစေ့ကို ကြဲ ၍၊ ကရုဏာ တော် အသီးအနှံ ကို ရိတ် ကြလော့။ မလုပ်သေး သော လယ် ကို ထွန် ကြလော့။ ထာဝရဘုရား သည် ကြွ လာ ၍ ၊ သင် တို့အပေါ် သို့ ဖြောင့်မတ် ခြင်း မိုဃ်းကို ရွာ စေတော် မ မူမှီတိုင်အောင်၊ ကိုယ်တော် ကို ရှာ ရသောအချိန် ရောက်လေပြီ။
အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊
ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”
ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။