TSK

TSK · ရှင်မာကုခရစ်ဝင်။ 5:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

နေမန် ကလည်း၊ အကယ်၍ပရောဖက်သည် ထွက် လာမည်။ ငါ့ အနား မှာ ရပ် လျက် မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ ကို ခေါ် ၍ မိမိ လက် နှင့် သုံးသပ် သဖြင့် နူနာ ကို ပျောက် စေမည်ဟု ငါထင် ၏

ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။

¶ မကျန်းမမာ သောသူအချို့ပေါ်မှာလက် တော်ကိုတင် ၍ အနာကိုငြိမ်း စေခြင်းမှတစ်ပါး အဘယ် တန်ခိုး တော်ကိုမျှ ထို အရပ်၌ ပြ တော်မ မူနိုင် ။

အကြောင်းမူကား ၊ ညစ်ညူး သောနတ် စွဲ သော မိန်းမငယ် ၏ အမိ သည် သိတင်း တော်ကို ကြား သဖြင့်၊

ကိုယ်တော်သည် လူကန်း ကိုလက် ဆွဲ ၍ မြို့ ပြင် သို့ ထွက် ပြီးမှ ၊ သူ၏ မျက်စိ ကို တံထွေးနှင့်ထွေး ၍ သူ့ အပေါ်မှာလက် တော်ကိုတင် လျက်၊ သင်သည် တစ်စုံတစ်ခု ကို မြင်သလော ဟု မေး တော်မူ၏။

မြွေ တို့ကို ဘမ်းကိုင် ကြလတံ့။ သေ စေတတ် သော အဆိပ်အတောက် ကို သောက် စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာ သောသူတို့အပေါ်မှာ လက် ကိုတင် ၍ ချမ်းသာ ပေးကြလတံ့ ဟု မိန့်တော်မူ၏။

နေ ဝင် သောအခါ အမျိုးမျိုး သော အနာ ရောဂါစွဲ သောသူ တို့၏ အဆွေခင်ပွန်းအပေါင်း တို့သည် ထို လူနာ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍၊ ကိုယ်တော် သည် ထိုလူနာ အသီးသီး တို့ အပေါ်၌လက် တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်း စေတော်မူ၏။

မြို့ တံခါး အနီး သို့ရောက်သောအခါ ၊ မုဆိုးမ ၌ တစ်ယောက်တည်း သောသား အသေ လောင်းကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား ၍၊ မြို့သူ မြို့သားများတို့သည် လိုက် ကြ၏။

ရေ ကိုစပျစ်ရည် ဖြစ် စေသောအရပ် ၊ ဂါလိလဲ ပြည်ကာန မြို့သို့ တစ်ဖန် ကြွ တော်မူ၏။ ကပေရနောင် မြို့၌ အမတ် တစ် ယောက်၏သား သည် အနာ ရောဂါစွဲလျက်ရှိ ၏။

တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။

အာနနိ သည်လည်း သွား ၍ အိမ် သို့ ရောက် လျှင်၊ ရှောလု အပေါ် ၌မိမိလက် ကိုတင် ၍၊ ညီ ရှောလု ၊ သင်လာ သောလမ်း ၌ သင့် အား ထင်ရှား တော်မူသော သခင်ယေရှု သည် သင်၏မျက်စိမြင် ပြန်စေခြင်းငှာ ၎င်း ၊ သင့်ကိုသန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် စေခြင်းငှာ၎င်း ငါ ကို စေခန့် တော်မူသည်ဟုပြောဆို ၏။

နာ သောသူ ရှိလျှင်၊ သင်းအုပ် ကိုခေါ် ၍ သူတို့ သည် သခင် ဘုရား၏ နာမ တော်ကို အမှီပြု လျက်၊ လူနာ ကိုဆီ နှင့်လူး ၍ သူ့ အပေါ်မှာ ဆုတောင်း ကြစေ။